Pages

Showing posts with label ဗိုင်းရပ်စ်သတ်နည်း. Show all posts
Showing posts with label ဗိုင်းရပ်စ်သတ်နည်း. Show all posts

Tuesday, August 6, 2013

Recycler (or) Copy of shortcut

 
ယခင်တုန်းကတော့ ကွန်ပျူတာ Virus ဆိုတာ ကွန်ပျူတာထဲကို ၀င်ရောက်လာပြီဆိုတာနဲ့ ကွန်ပျူတာကိုနှေးအောင်လုပ်မယ်..ပီးရင်TaskManager , Run Box, Folder Options အစရှိတာတွေကိုသုံးမရ အောင်ပိတ်ပစ်မယ်.ပီးရင် Windows OS တစ်ခုလုံးကို ဖျက်ချပစ်မယ်.ဒီလိုမျိုးတွေချည်းပါဘဲ..၂၀၁၀ လောက်ကနေစပြီး ယခုအချိန်ထိမှာ ထွက်ပေါ်လာတဲ့
Virus တွေကတော့ အပေါ်ကပြောခဲ့သလို မျိုးတွေမဟုတ်တော့ပါဘူး...USB Stick တွေထဲကနေ ပါလာတယ်..ပီးရင် ကွန်ပျူတာရဲ့ Registry အပိုင်းမှာ autorun.inf ဆောက်ပြီး ကွန်ပျူတာတစ်ခုလုံးမှာ
ရှိတဲ့ Program တွေအကုန်လုံးဆီကို သူ့ရဲ့ အဖျက်အမှောင့် Code တွေကို ထည့်ပေးလိုက်တယ်....အဲဒီလို
ဖြစ်နေတဲ့ ကွန်ပျူတာဆီကို လာထိုးတဲ့ Stick တိုင်းကို အပေါ်ပုံမယ်ပြထားသလို Copy of shortcut to (1 to 4) နဲ့ RECYCLER ဆိုတဲ့ သူ့ရဲ့ Virus ကိုယ်ပွားဖိုင်တွေ ကူးစက်သွားစေတယ်..အဲလို ကူးစက်ခံရတဲ့ USB Stick က အခြားကွန်ပျူတာမယ် ထိုးလိုက်မယ်ဆိုရင် ဒီ Virus တွေကတော့ ပြန့်သွားမှာပါဘဲ..Antivirus နဲ့စစ်လိုက်ရင်လည်း Virus ရာကျော်.ထောင်ကျော် မိပါတယ်ဆိုပြီးပြတယ်..အမှန်တော့ ကွန်ပျူတာတစ်ခုလုံးမှာရှိတဲ့ Program မှန်သမျှကို Virus Code ထိထားတဲ့အတွက် Antivirus က Program မှန်သမျှကို Virus လို့သတ်မှတ်ပြီး သတ်နေတော့တာပါဘဲ..သတ်လို့ကုန်သွားပြီဆိုရင်တော့ ကိုယ့်ကွန်ပျူတာထဲမယ်ရှိတဲ့ Program တွေလဲ တစ်ခုမှသုံး၇တော့မှာမဟုတ်ပါဘူး...တစ်ခါတစ်လေ Update မလုပ်ထားတဲ့ Antivirus တွေကိုတောင်မှ သုံးမရတော့လောက်အောင် လုပ်ပစ်ပါသေးတယ်။ လူတိုင်းကတော့ Windows ပြန်အသစ်တင်လိုက်ရင်ကောင်းသွားပါတယ်လို့ပြောကြလိမ့်မယ်..ဒါပေမယ့် လုံးဝမှားယွင်းပါတယ်..ဘာလို့လဲဆိုတော့ သင့်ကွန်ပျူတာမှာ C , D , E ဆိုပြီး ရှိတယ်ဆိုရင်.. Windows ပြန်တင်တာ C မှာဆိုပါစို့.... ဒီ Copy of shortcut or Recycler Virus က ကွန်ပျူတာတစ်ခုလုံးကိုကူးစက်တာဖြစ်တဲ့အတွက် ကျန်တဲ့ D နဲ့ E အပိုင်းကို သေချာပေါက်ဝင်နေမှာပါ..Windows တင်ပြီးကာစမှာ ကျန်တဲ့ D နဲ့ E ထဲက Program တစ်ခုကို သွား Run ကြည့်ပါလား... Happy Birthday လို့အော်ပြီး Virus တွေ ထ 'က' နေကြဦးမှာ အမှန်ပါဘဲ..:P ဒီတော့ လိုရင်းဘဲပြောပါတော့မယ် တကယ်လို့များ သင့်ရဲ့ Memory Stick ထဲမှာ အထက်ဖော်ပြပါ ပုံထဲမှာလို Copy of shortcut to 1 to 4 and RECYCLER လိုဖိုင်တွေများတွေ့ခဲ့ပြီဆိုရင် အခုကျနော် တင်ပေးထားတဲ့ Simple Cmd Program ကို Run လိုက်ပါ..ပီးရင် စက်က အလိုလို Restart ကျသွားပါလိမ့်မယ်..စက်ပြန်တက်လာတာနဲ့ Stick ထဲမယ်ရှိတဲ့ RECYCLER ဆိုတဲ့ Folder ကိုဖျက်ပစ်လိုက်ပါ..ပီးရင် စိတ်ချရတဲ့ Antivirus တစ်ခုခုနဲ့ ကွန်ပျူတာတစ်ခုလုံးကိုရော မိမိ Stick ကိုပါစစ်ဆေးပါ။ ဒီလိုဆိုရင် Program တွေကို ပြန်တင်ရတဲ့ ဒုက္ခ ကင်းသွားပါလိမ့်မယ်ခင်ဗျာ..အားလုံးဘဲအဆင်ပြေရင် ကွန်မန့်လေးတွေမြင်ချင်ပါတယ်နော်...........။
Download Link ====> Ziddu . Mediafire . 2Shared . 4Shared. Zippyshare
credit : http://winkabarkyaw.net

SVCHOST.EXE သတ်နည်း

mikesungpop: အကို svhost.exe အကြောင်း ပြောပြပါလား။ antivirus ကလည်း virus လိုမမြင်ဘူး။ ပြီးတော့ Window Defender ကိုဘယ်လိုသုံးရမလဲ ။ ပြောပြပေးပါ...
Window Defender  အကြောင်းကို နောက်ပို့စ်မှာ တင်ပေးပါ့မယ်...:)
 SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..
သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..


တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ်လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..
Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process လုပ်လိုက်ပါ… svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်.. မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process လုပ်ရမှာပါ… မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ…
ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..
နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ..
အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..

3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ
startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်.. Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..
စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..

 Credit : http://naing-diary.blogspot.com, 
ထပ်ဆင့် : http://winkabarkyaw.net

Saturday, August 29, 2009


Kill to Net-Worm.win32.Kido.ih


Net-Worm.win32.kido.ih ဆိုတဲ့ ဗိုင်းရပ်စ်အကြောင်းလေးပါ။

ဒီဗိုင်းရပ်စ်က ဘယ်ကလာသလဲဆိုတော့ pen drive,mp3, memory stick အစရှိတဲ့ portable drive တွေကပေါ့။ ဒါက carry လုပ်ပေးတာတွေပေါ့.. kido.ih ဆိုတဲ့ဗိုင်းရပ်စ်က system32 နဲ့ Recycle ဖိုင်တွေမှာ ရှိနေတတ်တာပါ။ အသုံးပြုသူကို တစ်နည်းတလမ်းနဲ့ နှောင့်ယှက်တတ်ပေးမယ့် အန္တရာယ်မရှိဘူးလို့ တော့ ပြောလို့ ရပါတယ်။ kasper တင်ထားတဲ့သူအတွက်ကတော့ အဲ့စက်မှာ ဒီဗိုင်းရပ်စ်ကိုက်နေတယ်ဆိုရင် kasper က မသတ်နိုင်ပဲ အမြဲတမ်း alert တက်တက်လာပါတယ်။

အဲ့ဒီဗိုင်းရပ်စ်မျိုး သင့်စက်ထဲဝင်နေပြီ ဆိုရင်တော့ Avira antivir ကို http://www.avira.com မှာ ဒေါင်းလု ဆွဲလိုက်ပါ။ အဲ့မှာပဲ Avira update ပါတစ်ခါတည်းယူနိုင်ပါတယ်။

ဒေါင်းလုဆွဲပြီးသွားရင် အဲ့ဒါလေးကို run လိုက်ပါ။ ပြီးရင် သူ့ဘာသာ scan ဖတ်နေပါလိမ့်မယ်။ သူက ဗိုင်းရပ်စ် တွေ့ရင် Deny , Delete အစသဖြင့် ပြထားပါတယ်။ သတ်မယ်ဆိုရင် Delete ပေါ့.. ဒါဆို Worm Virus တွေရဲ့ ရန်က ကင်းရှင်းသွားပါပြီလို့ ပြောချင်ပါတယ်။

Thursday, August 6, 2009


Loikaw Virus ကိုရှင်းလင်းပေးနိုင်တဲ့ Removal Tool


Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခုပါ။

Loikaw Virus သည် USB Drive များမှ အဓိကကူးပြီး ကွန်ပျူတာကို အသုံးပြုနေစဉ် အချိန်အတွင်း

Message Box များဖြင့် အနှောက်အယှက်ပေးခြင်း၊

အသုံးပြုနေသော Program သို့ စာကြောင်းများပေးပို့ခြင်း၊

bat file, cmd file များကို အသုံးပြု၍မရအောင်ပြုလုပ်ခြင်း နှင့်

အခြား အနှောက်အယှက်ဖြစ်စေနိုင်သော ကိစ္စများကို ဖြစ်စေပါသည်။

Loikaw Virus ၀င်ရောက်ခံရသော ကွန်ပျူတာ များ၏ Desktop တွင် Virus Information.txt ဟုသော

ဖိုင်ကိုတွေ့ရမှာဖြစ်ပါသည်။

ထို Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက ဒီမှာသွား၍ LoikawVirusRemoval ကို Download လုပ်ပြီး

Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus Removal ကို Run လိုက်ခြင်းဖြင့် Virus ကို

အပြီးတိုင် ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။

Saturday, May 30, 2009


love virus (သို့) အရမ်းချစ်တယ်


အရင်တုန်းက ခဏခဏကြုံတွေ့ဖူးတဲ့ ဗိုင်းရပ်ပေါ့ဗျာ။ ဒီဗိုင်းရပ်စ်လေး မိမိကွန်ပျူတာမှာ ၀င်နေပြီးဆိုရင် My Computer icon လေးပြောင်းသွားပါတယ် ။ I Love you ဆိုပြီးတော့ပေါ့ဗျာ။ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေကို မထိခိုက်စေပေမယ့် system 32 ထဲက dill ဖိုင်တွေပြောင်းသွားပါတယ်။ ရေရှည်ဆိုရင်တော့ မကောင်းနိုင်ဘူး ထင်ပါတယ်။ ပုံတွေရဲ့ icon တွေဟာ ကောင်မလေးပုံတွေနဲ့ ကြည့်လို့တော့ ကောင်းသား ။ :D ။ ကဲပါ ဒီဗိုင်းရပ် ကိုသတ်ချင်တယ်ဆိုရင်တော့ ဒီနေရာ လေးမှာ ကလစ်လုပ်ပြီးယူလိုက်ပေါ့။
အဲ့ဒီဗိုင်းရပ်ကို မတွေ့ဖူးဘူး စမ်းကြည့်တယ်ဆိုရင်တော့ ဒီနေရာ လေးမှာ ဗိုင်းရပ်နဲ့တွေ့ဆုံလိုက်ပေါ့.. :D
တစ်ခုခုဖြစ်ရင်တော့ အနော့အပူပါဘူးနော်...

ပျော်ရွှင်နိုင်ကြပါစေ

Tuesday, May 26, 2009

CPE17 Autorun killer

ပထမအစ ကျနော်စတင်မိတ်ဆက်ပေးချင်တာကတော့ CPE17 AUTORUN KILLER လေးပါ။ window xp မှာတင်ထားတာလေး တွေ့လို့ ရှာဖွေပြီးတင်ပြလိုက်ပါတယ်။ သူက removable device ကိုစက်ထဲထည့်လိုက်တိုင်း autorun တွေကိုစစ်ပေးတယ်။ autorun.ini, autorun.inf နဲ့ update.exe တွေကိုသတ်ပေးတယ်။ portable လေးဖြစ်လို့ ပေါ့ပါးပြီး window စတက်လာတာနဲ့ သူကစစ်ပေးပါတယ်။ အောက်မှာ ဒေါင်းလုလင့်လေး ပေးထားပါတယ်။
>>>>>>>>>>>>> Download <<<<<<<<<<<<<<