Pages

Tuesday, August 6, 2013

Windows 7 Activator (RemoveWAT2.2.6)

Windows 7 Permanent Activator RemoveWAT v2.2.6 Final Windows 7 Permanent Activator RemoveWAT v2.2.6 Final

Windows 7 all version အတွက် Activator လေးပါ... ဆောင်ထားသင့်တယ်နော်.. Windows 7 ကိုအသုံးပြုမယ်ဆိုရင်တော့ မဖြစ်မနေ ဆောင်ထားရမဲ့ software လေးပါ...အောက်မှာ Download ဆွဲထားလိုက်အုံး....
Password = www.mamusoft.com


Recycler (or) Copy of shortcut

 
ယခင်တုန်းကတော့ ကွန်ပျူတာ Virus ဆိုတာ ကွန်ပျူတာထဲကို ၀င်ရောက်လာပြီဆိုတာနဲ့ ကွန်ပျူတာကိုနှေးအောင်လုပ်မယ်..ပီးရင်TaskManager , Run Box, Folder Options အစရှိတာတွေကိုသုံးမရ အောင်ပိတ်ပစ်မယ်.ပီးရင် Windows OS တစ်ခုလုံးကို ဖျက်ချပစ်မယ်.ဒီလိုမျိုးတွေချည်းပါဘဲ..၂၀၁၀ လောက်ကနေစပြီး ယခုအချိန်ထိမှာ ထွက်ပေါ်လာတဲ့
Virus တွေကတော့ အပေါ်ကပြောခဲ့သလို မျိုးတွေမဟုတ်တော့ပါဘူး...USB Stick တွေထဲကနေ ပါလာတယ်..ပီးရင် ကွန်ပျူတာရဲ့ Registry အပိုင်းမှာ autorun.inf ဆောက်ပြီး ကွန်ပျူတာတစ်ခုလုံးမှာ
ရှိတဲ့ Program တွေအကုန်လုံးဆီကို သူ့ရဲ့ အဖျက်အမှောင့် Code တွေကို ထည့်ပေးလိုက်တယ်....အဲဒီလို
ဖြစ်နေတဲ့ ကွန်ပျူတာဆီကို လာထိုးတဲ့ Stick တိုင်းကို အပေါ်ပုံမယ်ပြထားသလို Copy of shortcut to (1 to 4) နဲ့ RECYCLER ဆိုတဲ့ သူ့ရဲ့ Virus ကိုယ်ပွားဖိုင်တွေ ကူးစက်သွားစေတယ်..အဲလို ကူးစက်ခံရတဲ့ USB Stick က အခြားကွန်ပျူတာမယ် ထိုးလိုက်မယ်ဆိုရင် ဒီ Virus တွေကတော့ ပြန့်သွားမှာပါဘဲ..Antivirus နဲ့စစ်လိုက်ရင်လည်း Virus ရာကျော်.ထောင်ကျော် မိပါတယ်ဆိုပြီးပြတယ်..အမှန်တော့ ကွန်ပျူတာတစ်ခုလုံးမှာရှိတဲ့ Program မှန်သမျှကို Virus Code ထိထားတဲ့အတွက် Antivirus က Program မှန်သမျှကို Virus လို့သတ်မှတ်ပြီး သတ်နေတော့တာပါဘဲ..သတ်လို့ကုန်သွားပြီဆိုရင်တော့ ကိုယ့်ကွန်ပျူတာထဲမယ်ရှိတဲ့ Program တွေလဲ တစ်ခုမှသုံး၇တော့မှာမဟုတ်ပါဘူး...တစ်ခါတစ်လေ Update မလုပ်ထားတဲ့ Antivirus တွေကိုတောင်မှ သုံးမရတော့လောက်အောင် လုပ်ပစ်ပါသေးတယ်။ လူတိုင်းကတော့ Windows ပြန်အသစ်တင်လိုက်ရင်ကောင်းသွားပါတယ်လို့ပြောကြလိမ့်မယ်..ဒါပေမယ့် လုံးဝမှားယွင်းပါတယ်..ဘာလို့လဲဆိုတော့ သင့်ကွန်ပျူတာမှာ C , D , E ဆိုပြီး ရှိတယ်ဆိုရင်.. Windows ပြန်တင်တာ C မှာဆိုပါစို့.... ဒီ Copy of shortcut or Recycler Virus က ကွန်ပျူတာတစ်ခုလုံးကိုကူးစက်တာဖြစ်တဲ့အတွက် ကျန်တဲ့ D နဲ့ E အပိုင်းကို သေချာပေါက်ဝင်နေမှာပါ..Windows တင်ပြီးကာစမှာ ကျန်တဲ့ D နဲ့ E ထဲက Program တစ်ခုကို သွား Run ကြည့်ပါလား... Happy Birthday လို့အော်ပြီး Virus တွေ ထ 'က' နေကြဦးမှာ အမှန်ပါဘဲ..:P ဒီတော့ လိုရင်းဘဲပြောပါတော့မယ် တကယ်လို့များ သင့်ရဲ့ Memory Stick ထဲမှာ အထက်ဖော်ပြပါ ပုံထဲမှာလို Copy of shortcut to 1 to 4 and RECYCLER လိုဖိုင်တွေများတွေ့ခဲ့ပြီဆိုရင် အခုကျနော် တင်ပေးထားတဲ့ Simple Cmd Program ကို Run လိုက်ပါ..ပီးရင် စက်က အလိုလို Restart ကျသွားပါလိမ့်မယ်..စက်ပြန်တက်လာတာနဲ့ Stick ထဲမယ်ရှိတဲ့ RECYCLER ဆိုတဲ့ Folder ကိုဖျက်ပစ်လိုက်ပါ..ပီးရင် စိတ်ချရတဲ့ Antivirus တစ်ခုခုနဲ့ ကွန်ပျူတာတစ်ခုလုံးကိုရော မိမိ Stick ကိုပါစစ်ဆေးပါ။ ဒီလိုဆိုရင် Program တွေကို ပြန်တင်ရတဲ့ ဒုက္ခ ကင်းသွားပါလိမ့်မယ်ခင်ဗျာ..အားလုံးဘဲအဆင်ပြေရင် ကွန်မန့်လေးတွေမြင်ချင်ပါတယ်နော်...........။
Download Link ====> Ziddu . Mediafire . 2Shared . 4Shared. Zippyshare
credit : http://winkabarkyaw.net

SVCHOST.EXE သတ်နည်း

mikesungpop: အကို svhost.exe အကြောင်း ပြောပြပါလား။ antivirus ကလည်း virus လိုမမြင်ဘူး။ ပြီးတော့ Window Defender ကိုဘယ်လိုသုံးရမလဲ ။ ပြောပြပေးပါ...
Window Defender  အကြောင်းကို နောက်ပို့စ်မှာ တင်ပေးပါ့မယ်...:)
 SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့ အချိန်မရွေးရောက်နိုင်ပါတယ်..
သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..
ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..


တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ်လုပ်နေတဲ့ File ပါ..
ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..
Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..
အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..
Antivirus ကလည်းသူ့ကိုရှာမတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..
အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..

1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process လုပ်လိုက်ပါ… svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်.. မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process လုပ်ရမှာပါ… မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ.. ပြီးရင် Tool>Folder Options ကိုသွားပါ…
ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..
နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်းပါလိမ့်မယ် Yes ကိုနှိပ်ပါ..
အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..

3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ
startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်.. Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchost အလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restart ပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..
စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..

 Credit : http://naing-diary.blogspot.com, 
ထပ်ဆင့် : http://winkabarkyaw.net

Monday, August 5, 2013

Computer Hardware Fundamental (PC OVERVIEW)



ကျနော် blog မှာ စာမရေးဖြစ်တာ နည်းနည်းကြာသွားပြီ..ဒီတခါ ကွန်ပျူတာ Hardware အကြောင်းကို ဆွေးနွေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်..နယ်ကသူငယ်ချင်းတစ်ယောက်က သင်တန်းမတက်နိုင်တာ ကတစ်ကြောင်း အချိန်မပေးနိုင်လို့  အိမ်မှာပဲဖတ်ဖို့ အဆင်ပြေမှာမို့  ခုလိုဖိုရမ်မှာ တင်ပေးရင်ပိုကောင်းမယ် ဆိုတော့ ရေးဖို့ တွန်းအားတစ်ခုရသွားတယ်..သင်တန်းတက်ရင် လေးငါးသောင်းလောက်ကုန်မှာမို့ သင်တန်း တက်ဖို့ အဆင်မပြေအခက်အခဲဖြစ်နေသူအတွက်လည်း အဆင်ပြေသွားအောင်ဆိုတဲ့ စိတ်ရယ် English စာကို ဘာသာပြန်ပြီးမဖတ်ချင်ကြသော မြန်မာဘာသာဖြင့်သာ ကွန်ပျူတာ Hardware အကြောင်း ကိုဖတ်ချင်သော သူများအတွက် အဆင်ပြေမယ်လို့  လည်းယုံကြည်မိပါတယ်.. ဆွေးနွေးပေးမည့် ခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်…
အခန်း (၁) PC OVERVIEW
အခန်း (၂) MICROPROCESSOR
အခန်း (၃) RAM
အခန်း (၄) BIOS AND CMOS
အခန်း (၅) MOTHERBOARD
အခန်း (၆) HARD DISK
အခန်း (၇) POWER SUPPLY
အခန်း (၈) HOW TO WORK CD ROM DRIVE
အခန်း (၉) VIDEO
အခန်း (၁၀) SOUND
အခန်း (၁၁) WINDOWS INSTALLATION
အခန်း (၁၂) HOW TO CHOOSE A COMPUTER TO INSTALL
အခန်း (၁၃) BASIC NETWORKING

ကွန်ပျူတာဆိုတာ
အားလုံးပဲ မင်္ဂလာပါခင်ဗျာ..အခန်း(၁) pc overview ကနေစလိုက်ကြရအောင် ...ကွန်ပျူတာ ဆိုတာ ဘယ်ကစ calculator ကစပေါ့ဗျာ..ငယ်ငယ်တုန်းကသင်ခဲ့  ဖူးတယ် what is a computer ?ကွန်ပျူတာ ဆိုတာ ဘာလဲ လို့ မေးရင် electronic device တစ်ခုဖြစ်တယ် ဆိုပြီးတော့ဖြေခဲ့တယ် ..အဲခုနေခါမှာကျတော့ electronic device ဖြစ်တယ်လို့ ဖြေဖို့  မလုံလောက် တော့ဘူး.. ကွန်ပျူတာလို့ ပြောလိုက်တာနဲ့ သူ့ မှာဘာရှိမလဲဆိုရင် input ,output, processing ရှိရမယ်..အဲဒါအခြေခံပဲ.. ဟုတ်ပြီဒါဆို ကွန်ပျူတာကို အပိုင်းလိုက်ခွဲပြီးလေ့လာမယ်ဆိုရင် နှစ်ပိုင်းရှိတယ်..အဲဒါဘာလဲဆိုတော့ hardware ပိုင်းနဲ့  software ပိုင်းဆိုပြီးတော့ ရှိတယ်..ဒါဖြင့် hardware ဆိုတာ ဘယ်လိုဟာမျိုးခေါ်သလဲ software ဆိုတာဘယ်လိုဟာမျိုးခေါ်သလဲ..hardware ကို ကျွန်တော်တို့ အဓိပ္ပယ်ဖွင့်ကြည့်မယ်..any part of a computer , you can see or touch တဲ့  ကျွန်တော်တို့ ရဲ့ မျက်စိရှေ့ မှာမြင်ပြီးတော့ကိုင်တွယ်ထိတွေ့ လို့  ရသမျှအရာအားလုံးသည် hardware တွေပါပဲ..software ဆိုတာကောလို့ မေးရင် software ဆိုတာ set of instruction that tell a computer what to do ကွန်ပျူတာကိုဘာလုပ်ခိုင်းစေချင်တယ်ဆိုတဲ့ အမိန့်  အစုအဝေးတွေကို software လို့  ခေါ်တယ်..နောက် firmware ဆိုတာရှိသေးတယ်..firmware ဆိုတာဘာကိုပြောလဲဆိုတော့ hardware နဲ့  software ပေါင်းစပ်ထားတာကိုခေါ်တာ..ဒါဆို firmware တွေက ဘာတွေကိုခေါ်တာလဲ တို့ motherboard တွေမှာဆိုရင် အထင်ရှားဆုံးက ROM BIOS ပေါ့..physically အရသူ့ မှာ chip ရှိတယ် logically အရ သူ့  မှာကွန်ပျူတာရဲ့ hardware device တွေတပ်ဆင်မှုပေါ်မူတည်ပြီးပြုပြင်ပြောင်းလဲနိုင်တဲ့ program အစုဝေးလေးတွေရှိတဲ့ အတွက်ကြောင့် firmware လို့ ခေါ်တာဖြစ်တယ်..hardware မှာ အဓိကလေ့လာရမဲ့အပိုင်း တွေရှိတယ် အဲဒါဘာတွေလဲဆိုတော့..CPU ,Ram ,Hard Disk,VGA ,Power supply, Motherboard,Sound card,CD Rom,Expansion bus အစရှိသဖြင့်ပေါ့..
Input /output device တွေက ဘာတွေလဲ…..
အခုhardware device တွေနဲ့ မိတ် ဆက် ပေးမယ်.. စောနကဆွေးနွေးခဲ့တဲ့ထဲမှာကွန်ပျူတာတစ်လုံးမှာ input output processing လို့  ပြောခဲ့ တယ်..အခုကွန်ပျူတာရဲ့ input device တွေကိုလေ့လာမယ် အဲဒါကဘာလဲဆိုတော့ keyboard ရယ် mouse ၇ယ်..mouse မှာနှစ်မျိုးရှိတယ် ps2 mouse usb mouse ဆိုပြီးတော့ရှိတယ် wireless mouse ဆိုတာ ရှိသေးတယ် သူကလဲ usb နဲ့ တပ်ရလို့ usb mouse အမျိုးစားထဲမှာပါဝင်တယ်..ps2 mouse ရဲ့  connector ကိုကြည့်လိုက်ပါ အစိမ်းရောင်ဖြစ်တယ် ဒါက industry standard ဖြစ်တယ် industry standard ဆိုတာဒီ mouse ကိုထုတ်လိုက်တဲ့ company တိုင်းက connector ခေါင်းကို အစိမ်းရောင် အဖြစ်သတ်မှတ်လိုက် တာ..green color ပေါ့ သူ့ မှာ pin 6pin ၇ှိတယ် mini din လို့  ခေါ်တယ်..ဒါဆိုအရင် အစိမ်းရောင်အပေါက်ကိုမြင်လိုက်တာနဲ့  ဒါmouse တပ်တဲ့ connector port ဆိုတာသိသွားပြီ..ps2 ကီးဘုတ်လည်း ဒီအတိုင်းပဲ သူ ကအပြာရောင် blue color ပေါ့ သူလဲ 6pin mini dinconnector ဖြစ်တယ်.ဘာကြောင့်ဒီနေရာမှာ mini din လို့ ပြောနေရလဲဆိုတော့ အရင် AT motherboard တွေမှာတုန်းက ကီးဘုတ်connector အဖြစ် 5 pin Din ဆိုတဲ့connector ခေါင်းအကြီးရှိခဲ့တယ်..နောက်ပိုင်းATX motherboard တွေမှာအားလုံးကို mini Din အဖြစ်ပြောင်း လဲသုံးစွဲခဲ့ကြတာ..အောက်ကပုံတွေမှာလေ့လာနိုင်ပါတယ်..




Mouse တွေရဲ့ နည်းပညာ
Mouse မှာ နည်းပညာနှစ်မျိုးရှိတယ် ဘာလဲဆိုတော့ mechanical mouse နှင့် optical mouse .. ..mechanical mouse ဆိုတာ mechanically အရ x y z ဆိုတဲ့ ဝင်ရိုးသုံးခုကိုအမှီပြုပြီး mouse ရဲ့  အောက်ခြေမှာ track ball လေးတွေကိုထည့်သွင်းအသုံးပြုတာ အဲဒီ track ball လည်တဲ့  အပေါ်မှာမူတည်ပြီး တော့ screen ရဲ့ မျက်နှာပြင်မှာ mouse pointer ကရွေ့ လျားပါတယ်..optical mouse ကျတော့ အလင်းကို sense လုပ်ပြီတော့ monitor ရဲ့ မျက်နှာပြင်မှာ pointerေ၇ွ့ လျားစေတယ်..mechanical mouse က optical mouse နဲ့ စာရင် pointer ကိုတိတိကျကျရွေ့ လျားစေဖို့ နှေးပါတယ်..mouse speed ကို dpi နဲ့ တိုင်းတာတယ် dip speed နည်းတယ်ပေါ့ optical mouse တွေ က mechanical mouseထက်သာတယ် dpi ပို များတယ် ပိုပြီးတော့လျင်လျင်မြန်မြန်လှုပ်ရှားတယ် ခုနောက်ပိုင်းမှာတော့ optical mouse တွေဖြစ်ကုန်ကြပါပြီ.. mechanical mouse တွေကို ကျောင်းတွေ ရုံးတွေမှာတွေ့  နိုင်ပါသေးတယ်..တချို့ အိမ်မှာလည်းတွေ့ တွေ့  နေရပါသေးတယ် အ၇င်တုန်းကဟာတွေပေါ့..
 
Output devices တွေက ဘာတွေလဲ…
နောက် တို့ input device အကြောင်းပြီးသွားတဲ့ အခါမှာ output device တွေကိုလေ့လာကြည့်ရအောင်..ကိုယ်လိုချင်တဲ့အချက်အလက်ကို ကီးဘုတ် နဲ့ mouse ကနေသတင်း အချက်အလက်တွေ ရိုက်ထည့်ပြီးလို့ အထဲမှာ microprocessor ကနေတွက်ချက်ပြီးသွားပြီ ကျွန်တော် တို့  ဘာနဲ့  ကြည့်မလဲ..ဘယ်လိုသိမလဲ အဲမှာ output ဆိုတာလိုလာပြီ..monitor က out put ပေါ့မော်နီတာ ကနေ ကြည့်မှကျွန်တော် တို့ မြင်ရမှာပေါ့..
output devices ဖြစ်တဲ့ မော်နီတာ ကိုလေ့လာကြည့်မယ်ဆိုရင် မော်နီတာ မှာနှစ်မျိုးနှစ်စားရှိတယ် CRT AND LCD ….CRT ဆိုတာ cathode ray tube နဲ့ လုပ်ထားတဲ့ monitor ဖြစ်တယ် သူက တို့ ဆယ်တန်းတုန်းက physic မှာ electron beam အကြောင်းသင်ခဲ့ဖူးကြလိမ့်မယ်..electron တွေက electron gun အခန်းကနေ screen ကိုရိုက်တာဖြစ်တယ် စခရွန် ၇ဲ့ မျက်နှာပြင်မှာ phosphor တွေသုတ် ထားတယ် (Red,Green,Blue)အေ၇ာင်သုံးရောင်အလင်းထုတ်လွတ်မှုပေါ်မူတည်ပြီး မော်နီတာ screen ပေါ်မှာအရုပ်တွေစာတွေမြင်ရ တာဖြစ်တယ်.. နောက်တစ်မျိုးကတော့ LCD ပေါ့  liquid crystal display လို့  ခေါ်တယ်..သူက မော်လီကျူးတွေကိုသုံးပြီးတော့ ဖန်သားရဲ့ မျက်နှာပြင်ကိုအလင်းရစေဖို့  special lamp လေးတွေပါရှိတယ်..သူလဲ CRT လိုပဲ RGB နဲ့  ပြုလုပ်ထားပြီး ဒီအရောင်သုံးရောင်နဲ့ ပဲပုံဖော်သွားတာဖြစ်တယ် ဒါပေမဲ့ CRT နဲ့ နည်းပညာတော့ကွဲပြားတယ် electron beam နဲ့ ရိုက်တာမျိုးမဟုတ်ပဲ +charge –charge တွေနဲ့ screen ရဲ့  မျက်နှာပြင်မှာ ပုံရိပ်တွေကို တိတိကျကျပုံဖော်ပေးတယ်..


မော်နီတာရဲ့  size ကိုဘယ်လိုတိုင်းတာလဲ….
CRT ပဲဖြစ်ဖြစ် LCD ပဲဖြစ်ဖြစ် သု့ မော်နီတာ size ကို့ လက်မနဲ့ တိုင်းတာတယ် ငါမော်နီတာက 17 လက်မ 19 လက်မ စသဖြင့်တိုင်းတာတယ်..အဲလိုတိုင်းတာတဲ့အခါမှာ monitor size ,viewable image size ဆိုတာရှိတယ် တို့ မော်နီတာတွေကိုတိုင်းတာတဲ့ အခါမှာထောင့်ဖြတ်တိုင်းတာပါတယ်..english လို့ diagonal ပေါ့ဗျာ..အဲလိုတိုင်းတာတဲ့အခါမှာ အတွင်းက ဖန်သားပြင်ကြီးသက်သက်တိုင်းတာတာကို viewable image size လို့  ခေါ်ပြီးတော့ အပြင်ဘက်ကအပေါ်အောက်ထောင့်ဖြတ်တိုင်းတာ တာကိုတော့ monitor size လို့  ခေါ်ပါတယ်…အောက်ကပုံမှာလေ့လာနိုင်ပါတယ်…


LCD မော်နီတာများဟာ CRT monitor တွေထက်အားသာချက်တွေ၇ှိပါတယ် power consumption နည်းတယ်. Radiation ထုတ်လွတ်မှုနည်းတယ် တို့ ပုံမှန်အားဖြင့် CRT မော်နီတာရှေ့ မှာလူတစ်ယောက်ဟာ ကြာရှည်မထိုင်နိုင်ပါဘူး အင်းကြာရှည်ထိုင်ရင်လည်းအဲဒီလူရဲ့ မျက်စိကိုထိခိုက်တတ် တယ်ကွန်ပျူတာသုံး တာကြာ လာတာနဲ့ အမျှပေါ့လေ..LCD ကပိုပြီးတော့အလေးချိန်နည်းတယ် ဒါတွေက lcd တွေရဲ့ အားသာ ချက်လေးတွေပေါ့ ခုနောက်ပိုင်းဆိုရင်တော်တော်များများ LCD သုံးတာများလာကြပါပြီ.. LCD တွေက ဈေးကတော့ CRT တွေထက်များတယ်.. LCD မော်နီတာတစ်လုံးကို တစ်သိန်းဝန်းကျင်အနည်းဆုံးရှိပြီးတော့ CRT မော်နီတာ တွေက တော့အနည်းဆုံး 5သောင်းတန်နဲ့ အထက်တော့ရှိမယ်ထင်တယ်..မော်နီတာ မှာ data ကြိုးနဲ့  ပါဝါကြိုးဆိုပြီး တော့ရှိတယ် monitor သီးသန့် ပါဝါပေးရပါတယ် ups နဲ့ ခံပြီးသုံးတယ်ဆိုပေမဲ့ ပါဝါက သတ်သတ် စီသုံးတာဖြစ်တယ် မော်နီတာအတွက်သပ်သပ် ကွန်ပျူတာအတွက်သပ်သပ်စီဖြစ်တယ်..data ကြိုးကတော့ မားသားဘုတ်ရဲ့ DB connector ဒါမှမဟုတ် dvi connector စတာနဲ့ဆက်တယ် DB connector တွေက 15 pin 3rows ဖြစ်ပြီးတော့ dvi connector တွေက25 pin 3rows ဖြစ်ပါတယ် DB 15pin တွေက အပြာရောင် နဲ့ motherboard မှာ female ငုတ်အနေနဲ့ လာပါတယ် dvi connector တွေကတော့အ၀ါ ဖျော့ ရောင်အဖြူေ၇ာင် အနက်ရောင် စတာတွေနဲ့လာတတ်ပါတယ်.. နောက်ထပ်ရုပ်ထွက်အကောင်းဆုံးကတော့ HDMI(
High-Definition Multimedia Interface) ပါ ၂၀၀၂ ခုနှစ်မှာစတင်ခဲ့ပြီး ၂၀၀၃ ခုနှစ်မှာတော့ ဈေးကွက်ကို ဖြန့်ချီလိုက်ပါတယ်.. သူ့ရဲ့ Data Rate Transfer Rate က 10.2 Gbit/s ဖြစ်ပြီး 19 Pin ဖြစ်ပါတယ်..HDTV တွေအတွက်တော့ မရှိမဖြစ် HDMI လေးပေါ့...  ခုနောက်ပိုင်းတော်တော်များများ vga card တွေထုတ်လာတာနဲ့ အမျှသုံးမျိုးစလုံးသုံးလို့ ရအောင်ထုတ်ထားတာကိုတွေ့ လာရတယ်..dvi က DB connector တွေထက်ပိုပြီးတော့ resolution ပိုကောင်းသလို  HDMI ကလည်း DVI ထက်ပိုကောင်းပါတယ်..ဘာကြောင့်အဲလိုကွာသွားလဲဆိုတော့ သူက digital /analog signal processing ကြောင့် ပိုပြီးတော့resolution ပိုကောင်းပါတယ်..PC တစ်လုံးမိတ်ဆက်အနေနဲ့ ဒီအခန်းလေးကိုဒီမှာနားကြရအောင်…

An HDMI type A receptacle connector on a device with the words HDMI IN below it. A close up image of the end of an HDMI type A plug connector. 
ဆွေးနွေးချက် အနှစ်ချူပ်
၁။ hardware ကို အဓိပ္ပယ်ဖွင့်မယ်..any part of a computer you can see or touch တဲ့  ကျွန်တော်တို့ ရဲ့ စိရှေ့  မှာမြင်ပြီးတော့ကိုင်တွယ်ထိတွေ့ လို့ ရသမျှအရာအားလုံးသည် hardware တွေပါပဲ..
၂။ software ဆိုတာ set of instruction that tell a computer what to do ကွန်ပျူတာကိုဘာလုပ်ခိုင်းစေချင်တယ်ဆိုတဲ့ အမိန့် အစုအဝေးတွေကို software လို့  ခေါ်တယ်..
၃။ firmware ဆိုတာဘာကိုပြောလဲဆိုတော့ hardware နဲ့  software ပေါင်းစပ်ထားတာကိုခေါ်တာ
၎။ Mouse မှာ နည်းပညာနှစ်မျိုးရှိတယ် ဘာလဲဆိုတော့ mechanical mouse နှင့် optical mouse
၅။ မော်နီတာ မှာနှစ်မျိုးနှစ်စားရှိတယ် CRT AND LCD ပါ.….CRT ဆိုတာ cathode ray tube နဲ့ လုပ်ထားတဲ့  monitor ဖြစ်တယ်
၆။ နောက်တစ်မျိုးကတော့ lcd ပေါ့  liquid crystal display လို့ ခေါ်တယ်..သူက မော်လီကျူးတွေကိုသုံးပြီ့း  ဖန်သားရဲ့ မျက်နှာပြင်ကို အလင်းရစေဖို့ special lamp လေးတွေပါရှိတယ်..သူလဲ CRT လိုပဲ RGB နဲ့  ပြုလုပ်ထားပြီး ဒီအရောင်သုံးရောင်နဲ့ ပဲပုံဖော်သွားတာဖြစ်တယ်.. ဒါပေမဲ့  CRT နဲ့ နည်းပညာတော့ကွဲပြားတယ် electron beam နဲ့ ရိုက်တာမျိုးမဟုတ်ပဲ +charge –charge တွေနဲ့ screen ရဲ့  မျက်နှာပြင်မှာ ပုံရိပ်တွေကို တိတိကျကျပုံဖော်ပေးတယ်…
၇။ LCD မော်နီတာများဟာ CRT monitor တွေထက်အားသာချက်တွေ၇ှိပါတယ် power consumption နည်းတယ်. Radiation ထုတ်လွတ်မှုနည်းတယ် တို့ ပုံမှန်အားဖြင့် CRT မော်နီတာရှေ့ မှာလူတစ်ယောက်ဟာ ကြာရှည်မထိုင်နိုင်ပါဘူး အင်း....ကြာရှည်ထိုင်ရင်လည်းအဲဒီလူရဲ့ မျက်စိကိုထိခိုက်တတ်တယ်…
၈။မော်နီတာ မှာ data ကြိုးနဲ့  ပါဝါကြိုးဆိုပြီး တော့ရှိတယ် monitor ကိုသီးသန့် ပါဝါပေးရပါတယ်…