ကွန်ပျူတာကိုစပြီး သုံးတတ်ပြီဆိုတာနဲ့ သူများတွေလို လိုက်လုပ်တတ်ကြတာ လူတိုင်းရဲ့ သဘာဝပေါ့.. ဒီလိုနဲ့ ကျနော်လည်း ပုတုစဉ်လူသားပီပီ.. လိုက်ပုလိုက်တယ် :D (မှားတွားတယ်) .. လိုက်တုလိုက်တယ်.. ဒီဘလော့ကို စပြီးရေးဖြစ်တာကတော့ ကျနော့်ရဲ့ ပရိသတ်တွေဖြစ်တဲ့.. ညီကျော်ကျော် ၊ ကိုမိုးလွင်၊ လွင်မျိုး နဲ့ ညီအစ်ကိုတွေရဲ့ လက်ကမ်း တိုက်တွန်းမှုကြောင့်  ကျနော့်နဲ့ ပတ္တမြား ပြာဖုံး :D အရည်အချင်းတွေကို ဖော်ထုတ်လိုက်ပါတယ်.. ကျနော့်နဲ့ ဘလော့ကို အကောင်းဆုံးဖြစ်အောင်နဲ့ အများအကျိုးဆောင် ကိုယ့်အကျိုးပြောင် တဲ့.. ဟုတ်ပါဘူး.. ကိုယ့်အကျိုးလည်းအောင်ပါစေတော့ဆိုတဲ့ စိတ်ဓါတ်နဲ့ ရေးသားသွားမှာပါ.. ကော်ပီတွေတော့ နည်းနည်းပါမှာပေါ့ ဟုတ်ဘူးလား.. :D