Pages

Friday, August 28, 2009


Computer ဘာကြောင့် လေးသွားသလဲ




  1. ဒီတစ်ခါတော့ ကွန်ပျူတာ ဘာကြောင့် ဟမ်းသွားတာလဲပေါ့.. အစ်ကိုရေ ဒါဆို လက်နဲ့ထိလို့(hand) လားလို့တော့မမေးနဲ့..အဲ့ဒီလက်ကပဲ ကမြင်ကြောထလို့. (အယ်ယောင်လို့) MOUSE ကို ကလစ်၊ ကလစ်နဲ့ စိတ်မရှည်သလိုတောက်လျှောက် နှိပ်မယ်.. ဒါမှမဟုတ် လူမတတ်နိုင်လို့ ကွန်ပျူတာကို လုပ်ခိုင်းပါတယ်ဆိုမှ ကိုယ့်စက်ရဲ့ Memory ရဲ့ ပမာဏနဲ့ Processor ရဲ့ပမာဏကို မသိပဲနဲ့ Application ၄ ခု ၅ ခုလုပ်ခိုင်းမယ် ဆိုရင်လည်း စက်က လေးသွားတယ်( hand) သွားတယ်ပေါ့ဗျာ။
  2. အလုပ်၃ ခုလုပ်ထားတာမှာ လေးသွားတယ်ဆိုရင် အလုပ် ၁ ခုက လုပ်နေတဲ့အချိန်မှာ သူ့ရဲ့ လုပ်ဆောင်ချက် မပြည့်မှီ မှာ နောက်တစ်မျိုးထပ်လုပ်ခိုင်းတဲ့အခါမှာ Memory က မနိုင်တော့.. ကျနော်တို့ ထပ်ပြီး လုပ်ခိုင်းလို့မရအောင် ပိတ်လိုက်တဲ့သဘောပါပဲ
  3. Memory က လုပ်ရမယ့်အလုပ်တွေကို တန်းစီးထားတယ်ပေါ့ဗျာ.. သူရဲ့လုပ်ဆောင်ပုံက Memory က မှတ်ထားတာတွေကို processor ကိုလုပ်ခိုင်းတယ် သူက Memory ရဲ့နှစ်ဆလုပ်ပါတယ်။ ပြီးရင် Memory ကို ပြန်ပို့ပေးပါတယ်.. Memory 128MB ဆို သူက bit များများပို့ပေးတယ်. 256 ဆို အဲ့ထက် နှစ်ဆမြန်မယ်။ Memory က 512MB ဆိုလုပ်ဆောင်တာတွေမြန်လာမယ်. အခုဆို 1G, 2G အဲ့ထက်မက သုံးလာပါပီ.. ဒါပေမယ့် Memory ကိုတိုးချင်တိုင်း တိုးလို့မရပါဘူး.. အားလုံးဟာ upgrade ဖြစ်နေမှရပါတယ်။ တစ်ခုကို upgrade လုပ်ရင် mother board ရဲ့ အစိတ်အပိုင်းတွေကိုပါ လိုက်ပြီး upgrade လုပ်မှ ရပါတယ်။။ Board က version အနိမ့်အမြင့် အပေါ်မူတည်ပြီးမှ ကိုယ့်လုပ်ချင်တာတွေကို upgrade လုပ်ပေးရမှာပါ..
  4. နောက်တစ်ခုက ဗိုင်းရပ်စ် အကိုက်ခံထားရတဲ့အခါမှာလည်း စက်ကလေးလာတတ်ပါတယ်။ ဘာလို့လေးလာ သလဲဆိုတော့ system32 ထဲမှာ 1G ထက်ကျော်တဲ့အလုပ်တစ်ခု ဒါမှမဟုတ် အသုံးများတဲ့ Application တွေမှာ အနှောင့်အယှက်ဖြစ်အောင် ရေးထားတတ်ပါတယ်။
  5. စက်က ဗိုင်းရပ်စ် ကိုက်နေလား ဒါမှမဟုတ် Application တစ်ခုခု ဟမ်းသွားသလားလို့ သိချင်ရင်တော့ Cttl + Alt + Delete Key ကို တွဲနှိပ်လိုက်ပါ။ Windows Task Manager တက်လာပါမယ်။ စက်ဟမ်း နေတာ ဘာကြောင့်လဲလို့ ကြည့်ချင်ရင် Applications ကိုသွားကြည့်ပါ။ အဲ့ဒီမှာ Running ဆိုရင် အဲ့ဒီ Application အလုပ်လုပ်နေတာပါ။ Not responsible ဆိုရင် အဲ့ဒါကို End task ပေးရပါမယ်.. ဒါမှ ကိုယ့်အလုပ်ကို ပြန်လုပ်နိုင်မှာပါ. မဟုတ်ရင်တော့ Restart ပါတ်လိုက်ရင်တော့ လုပ်နေတဲ့အလုပ်တွေ ပျက်သွားမှာပါ.. file တွေ save မဖြစ်ဘူးပေါ့။
  6. နောက်တစ်ခုက Processes မှာ exe file ကိုရှာပီး ပိတ်လိုက်တာပဲဖြစ်ပါတယ်။ အားလုံးပဲ ကိုယ့်စက် ဘာကြောင်း လေးနေတယ် ၊ ဟမ်းနေတယ်ဆိုတာကို သိအောင် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဖော်ပြပေးတာပဲဖြစ်ပါတယ်။